
SDG 1 AND 2
ဤမှတ်တမ်းတွင် မဟာ၏ လုပ်ငန်း အကောင်အထည်၊ အဖွဲ့အစည်း နောက်ခံသမိုင်းကြောင်း အပြင် မဟာ၏ လုပ်ထုံးလုပ်နည်းနှင့် အသွင်အပြင်များကို မြင်တွေ့ရမည် ဖြစ်ပြီး၊ မဟာ၏ ချေးငွေများသည် လုပ်ငန်းလက်တွဲဖော်များ၏ လူမှုရေး၊ စီးပွားရေး အခြေအနေများအပေါ် မည်မျှ အကျိုးဖြစ်ထွန်းစေသည်ကို မြင်တွေ့သိရှိနိုင် လေ့လာနိုင်မည် ဖြစ်သည်။
အကျိုးသက်ရောက်မှုမှတ်တမ်း အစီရင်ခံစာကို ဒေါင်းလုတ်လုပ်ပါ
UNEP FI အစီရင်ခံစာကို ဒေါင်းလုတ်လုပ်ပါ
Our Certificates

အောင်မြင်သော ခရီးလမ်း
ဤမှတ်တမ်းတွင် မဟာ၏ လုပ်ငန်း အကောင်အထည်၊ အဖွဲ့အစည်း နောက်ခံသမိုင်းကြောင်း အပြင် မဟာ၏ လုပ်ထုံးလုပ်နည်းနှင့် အသွင်အပြင်များကို မြင်တွေ့ရမည် ဖြစ်ပြီး၊ မဟာ၏ ချေးငွေများသည် လုပ်ငန်းလက်တွဲဖော်များ၏ လူမှုရေး၊ စီးပွားရေး အခြေအနေများအပေါ် မည်မျှ အကျိုးဖြစ်ထွန်းစေသည်ကို မြင်တွေ့သိရှိနိုင် လေ့လာနိုင်မည် ဖြစ်သည်။
မဟာ လုပ်ငန်း၏ ကိန်းဂဏန်း အချက်အလက်များကို ဤဒက်ရှ်ဘုတ်တွင် ကြည့်ရှုနိုင်ပါသည်။ ယခုအခါတွင်၊ ငွေချေးသူများ၏ အသံ၊ လုပ်ငန်းလက်တွဲဖော်အသစ်များ၏ ငွေကြေး အတိုင်းအတာ၊ ကုမဏီတွင်း လေ့လာချက်မှ ရလဒ်များကို ဤဒက်ရှ်ဘုတ်မှတဆင့် အခြေခံပြီး မဟာသည် ကျေးလက်ဒေသ တိုးတက်မှုများကို ဆောင်ရွက်လျက် ရှိပါသည်။


ချေးငွေ ပြင်ပ ဝန်ဆောင်မှုများ
ချေးငွေ ထုတ်ပေးခြင်းအပြင် အခြား လူမှုရေး အကူအညီသည်လည်း လုပ်ငန်းလက်တွဲဖော်များအတွက် များစွာ အကျိုးရှိမည်ဟု မဟာမှ ယုံကြည်သည့်အတွက်ကြောင့်၊ မဟာမှ အခကြေးငွေ မယူပဲ ငွေကြေားဆိုင်ရာ နားလည်တတ်မြောက်မှုနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး သင်တန်းများလည်း စီစဉ်ပေးလျက်ရှိပါသည်။
မြန်မာပြည် ကျေးလက်ဒေသများတွင် ဝင်ငွေ ရှာဖွေခြင်းနှင့်ပက်သက်၍ အကျပ်တည်းကြီးစွာ ရင်ဆိုင်နေရသည့်အပြင် ငွေကြေးဆိုင်ရာ နားလည်တတ်မြောက်မှုသည်လည်း လစ်ဟာလျက်ရှိသည်။ ထိုအခြေအနေကို ဖြေရှင်းရန်အတွက်၊ မဟာမှ အခြေခံ ငွေကြေးစီမံမှုကို လုပ်ငန်းလက်တွဲဖော်များ နားလည်နိုင်စေမည့် လက်ကမ်းစာအောင်နှင့် သင်ကြာရေး ဗီဒီယိုကို ဖန်တီးပေးထားပါသည်။ မဟာ၏ အားလုံးသော လုပ်ငန်းလက်တွဲဖော်များသည် ထိုသင်တန်းကို ငွေချေးထားသည့် အချိန်တွင် တက်ရောက်ခွင့် ရကြပါသည်။
မဟာသည် လူမှု၊ ပတ်ဝန်းကျင်၊ အကျိုးစီးပွား စသည့် အခြေခံ အချက် (၃) ချက်ကို တိုးတက်စေခြင်းအားဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ရှေးရှုသည့် အဖွဲ့အစည်းအဖြစ် စတင် ရပ်တည်ပြီး ဖြစ်ပါသည်။ ထိုရပ်တည်ချက်ဖြင့်၊ မဟာ ရောက်ရှိနေသည့် နေရာတိုင်းတွင် တာဝန်သိစွာ ထိန်းသိမ်းစောက်ရှောက်မှုများ လုပ်ဆောင်လျက် ရှိပါသည်။ ထို့ကြောင့်၊ Netherlands Development Finance Company (FMO) မှ ချမှတ်ထားသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လမ်းညွန်ချက်ကို အခြေခံပြီး မဟာမှ လူမှု ပတ်ဝန်းကျင်တွင် ဖြစ်နိုင်ချေ အလားအလာများကိုလည်း ပို့ချလျက်ရှိပါသည်။ ထပ်ပေါင်းဆိုရလျှင် ၊ မဟာသည် United Nations Environment Programme’s Finance Initiative (UNEP-Fi) ၏ အဖွဲ့ဝင်လည်း ဖြစ်ပြီး၊ လုပ်ငန်းတွင်း လေ့ကျင့်ရေးများနှင့်အတူ သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့နိုင်စေရန်လည်း ရှေးရှပါသည်။

အစိမ်းရောင် ခြေလှမ်း
ကုလသမဂ္ဂမှ ချမှတ်ထားသည့် Sustainable Development Goals (SDGs) ကို လိုက်နာသည့် ကနဦးအဖွဲ့များတွင် မဟာလည်း တစ်ခု အပါအဝင် ဖြစ်ပြီး၊ ပြည်တွင်း ရီဆိုက်ကယ် ကုမဏီဖြစ်သည့် Recyglo နှင့် အတူလက်တွဲကာ SDGs ၏ (၁၂) ခုမြောက် ပန်းတိုင်ဖြစ်သည့် Recycling Policy ကို ပထမဆုံး လိုက်နာကျင့်သုံးခဲ့ပါသည်။ ၎င်းကို ထုတ်လုပ်ခြင်းနှင့် သုံးစွဲခြင်း၏ တာဝန်ဝတ္ထရားဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ထိုအချိန်မှစ၍၊ မဟာသည် လုပ်ငန်းတွင်း ပလက်စတစ်နှင့် စက္ကူသုံးစွဲမှုများကို သိသိသာသာ လျှော့ချလာခဲ့ပါသည်။
နောက်ထပ် ကနဦး စတင်မှုတစ်ခုမှာ၊ ကာဘွန်ဒိုင်အောက်ဆိုဒ် စွန့်ထုတ်မှုကို လျှော့ချခြင်း ဖြစ်သည့်အတွက်၊ (၁) ဟက်တာ ဧရီယာရှိ မြေပေါ်တွင် လမုပင် အပင် (၂၅၀၀) အား စိုက်ပျိုးနိုင်ရန် ကြိုးစား အားထုတ်လျက်ရှိခြင်း ဖြစ်ပါသည်။ စိုက်ပျိုးပြီးသည့်အချိန်မှ စတင်ပြီး တွက်လျှင် ထိုလမုတော ပမာဏသည် နှစ် (၂၀) အတွင်း ကာဘွန်ဒိုင်အောက်ဆိုဒ် တန် (၂၀၀၀) ပမာဏအား လျှော့ချပေးနိုင်မည်ဖြစ်ပြီး၊ တစ်နှစ်လျှင် တန် (၁၀၀) လျှော့ချခြင်းနှင့် ညီမျှပါသည်။ ထိုပမာဏသည် သာမာန် ကားတစ်စီး (၅) လအတွင်း စုစုပေါင်း ကာဘွန်စွန့်ထုတ်မှု ပမာဏကို လျှော့ချလိုက်ခြင်းနှင့် နှိုင်းယှဉ်နိုင်ပါသည်။


ရေရှည်တည့်တံ့ ဖွံ့ဖြိုးရေး မျှော်မှန်းချက်များ

လူထု-ငွေကြေး-ပတ်ဝန်းကျင် အကျိုးပြုအဖွဲ့အစည်းအဖြစ် ရပ်တည်လာခဲ့သည့် တစ်လျှောက်လုံးတွင်၊ SDG မှ လမ်းညွှန် ပံ့ပိုးပေးခဲ့ပါသည်။ စိုက်ပျိုးရေး ဗဟိုပြု ကျေးလက်ဒေသ စိုက်ပျိုးရေး ဝန်ဆောင်မှု ဖြစ်သည့်အလျောက် SDG ပန်းတိုင် အမှတ် ၁၊ ၂ နှင့် ၁၂ အသီးသီးတို့ကို အစဉ်ဦးတည် ဆောင်ရွက်ခဲ့ပါသည်။ ဆင်းရဲ့ချို့တဲ့မှု လျှော့ချရေး အစီအစဉ်တွင် အသေးစား ငွေကြေးဝန်ဆောင်မှု လုပ်ငန်း၏ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံ အသိအမှတ် ပြုလာကြပြီး၊ ကျွန်ုပ်တို့ အနေနှင့်လည်း ဆင်းရဲချို့တဲ့မှု အများဆုံး ဖြစ်နေသည့် ကျေးလက်နေ တောင်သူများကို အဓိက ကူညီပံ့ပိုးပေးလျက် ရှိပါသည်။
ကျွန်ုပ်တို့၏ ပင်မ လုပ်ငန်း လက်တွဲဖော်များဖြစ်သည့် ရင်းနှီးမြုပ်နှံမှု နည်းပါးသော တောင်သူလယ်သမားကို ပံ့ပိုးပေးရေးဆိုသည့် ပန်းတိုင် အမှတ် (၂) အား ထိုသို့ ကူညီပံ့ပိုးပေးခြင်းဖြင့် ဖော်ဆောင်လျက်ရှိပါသည်။ ထို့အပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း အသိပညာပေးခြင်းအားဖြင့် ၎င်းတို့ စီးပွားရေး လုပ်ဆောင်ရာမှ ဖြစ်လာနိုင်သော ဆိုးကျိုးများအကြောင်း တောင်သူများအား သိရှိစေပြီး အတတ်နိုင်ဆုံး လျှော့ချနိုင်ရန် ကျွန်ုပ်တို့မှ ကူညီပေးလျက်ရှိပါသည်။ တောင်သူများကို အသိပညာ တိုးတက်စေခြင်းဖြင့်သာ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများမှ အကောင်းဆုံး ရလဒ်များ ထွက်ပေါ်လာလိမ့်မည်ဟု ကျွန်ုပ်တို့မှ ယုံကြည်ထားပါသည်။
လူမှုရေး လှုပ်ရှားမှု အကျိုးရလဒ်များ
လုပ်ငန်း လက်တွဲဖော်များအပါအဝင် လူမှုပတ်ဝန်းကျင်ကိစ္စ အဝဝတို့ကို အကောင်းဆုံး ဆောင်ရွက်ပေးခြင်းဖြင့် ကျွန်ုပ်တို့သည် လူထု-ငွေကြေး-ပတ်ဝန်းကျင် အကျိုးပြုအဖွဲ့အစည်း တစ်ခုဖြစ် ရပ်တည်လျက်ရှိပါသည်။ ယခင် စီးပွားနှစ်အတွင်း လုပ်ငန်းတိုးတက်မှုများကို ပထမဆုံးအကြိမ် တိုင်းတာခဲ့ပြီး ယခုချိန်အထိ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများကိုလည်း မှန်မှန် လေ့လာဆန်းစစ်လျက် ရှိပါသည်။