တောင်သူဦးကြီးများအတွက် သင့်တော်သည့် ချေးငွေစုများ
အကျဉ်းချုပ်
မဟာသည် ၁၀၀% ကျေးလက် အခြေုပြု ဖွဲ့စည်းထားခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၊ ကျေးလက်ဒေသများရှိ တောင်သူဦးကြီးများ၊ ဈေးရောင်းချသူများနှင့် သေး၊ ငယ်၊ လတ် စီးပွားလုပ်ငန်း (MSMEs) များ၏ လိုအပ်ချက်များကို ဖြည့်တင်းပေးလျက်ရှိသည်။ ထိုသို့အားဖြင့် မဟာသည် အထူးသီးသန့် တစ်ဦးချင်း ချေးငွေများကို ထုတ်ပေးလျက်ရှိပါသည်။ ချေးငွေ ပုံစံ (၃) မျိုးစလုံးအတွက်၊ အတိုးနှုန်းမှာ တစ်နှစ်လ ျှင် ၂၈% ဖြစ်ပြီး၊ ၎င်းနှင့်အတူ ငွေချေးခြင်း ဝန်ဆောင်ခ ၂% လည်း ပါဝင်သည်။ ထပ်မံ၍၊ ထိန်းသိမ်ရေး စရိတ်အဖြစ် ငွေချေးသူမှ စရန်ငွေ ၅% ကို စည်းမျဉ်းစည်းကမ်းအရ ပေးသွင်းရမည် ဖြစ်ပါသည်။ ချေးငွေသက်တမ်းသည် ကိုယ်ရွေးချယ်သည့် ချေးငွေစုအပေါ်တွင် မူတည်၍ အပြောင်းအလဲ ရှိပြီး၊ ငွေချေးမည့်သူတိုင်း အာမခံပေးသူလိုအပ်ပါသည်။ မဟာမှ အသက်အာမခံ ကဲ့သို့ အခြား ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ အပြင် ငွေးကြေးဆိုင်ရာ တတ်ကျွမ်းမှု သင်တန်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သင်တန်းများကဲ့သို့ ငွေးကြေးမသက်ဆိုင်သည့် ဝန်ဆောင်မှုများလည်း ပေးလျက်ရှိသည်။
ချေးငွေစုများ

တောင်သူဦးကြီးများ
တောင်သူဦးကြီးများသည် မဟာ၏ အဓိက လုပ်ငန်းလက်တွဲဖော်များ ဖြစ်ပါသည်။ ထို့ကြောင့် မဟာမှ စိုက်ပျိုး ရာသီ၊ နေရာဒေသ နှင့် သီးနှံအမျိုးအစားများပေါ် အခြေခံပြီး အထူးသီးသန့် ချေးငွေစု အမျိုးမျိုး ထုတ်ပေးလျက်ရှိသည်။
• ချေးငွေ သက်တမ်း ရာသီအလိုက် သီးနှံပေါ် မူတည်၍ (၃) လ မှ (၁၀) အထိ
• ချေးငွေ ပမာဏ လယ်ဧကပေါ် မူတည်ပြီး အများဆုံး သိန်း (၅၀) ကျပ်
• စိုက်ပျိုးသီးနှံ

ဈေးရောင်းချသူများ
ဈေးရောင်းချသူများသည် သက်ဆိုင်ရာ မြို့နယ်နှင့် ဈေးများထဲတွင် အသေးစား ဈေးဆိုင်ဖွင့်ပြီး သာမာန် နေ့စဉ်သုံး ကုန်ပစ္စည်းများကို ရောင်းချနေသူများ ဖြစ်သည်။ ထိုဈေးဆိုင်များသည် အရင်းအနှီး မကြီးသည့်အတွက်၊ မဟာမှ ဈေးရောင်းချသူများကို ချေးငွေစုများ ကမ်းလှမ်းလျက် ရှိပါသည်။
• ချေးငွေ သက်တမ်း ၆ လမှ ၁၂ လ အထိ
• ချေးငွေ ပမာဏ ဈးဆိုင် အရွယ်အစားပေါ် မူတည်ပြီး အများဆုံး (၁၀) သိန်း ကျပ်

သေး၊ ငယ်၊ လတ် စီးပွားလုပ်ငန်းများ (MSMEs)
MSMEs ဆိုသည်မှာ အသေးစိတ် စာရင်းနှင့် ကုန်စည်ပစ္စည်းများကို တပတ်ထက်ပို၍ သိုလှောင်ထားနိုင်သော သေး၊ ငယ်၊ လတ် စီးပွားလုပ်ငန်းများ ဖြစ်သည်။ ထိုကဲသို့ ရင်းနှီးမြုပ်နှံမှု (၁၀) သိန်း ကျပ် အထက် ရှိသည့် MSMEs လုပ်ငန်းများအတွက် မဟာမှ ချေးငွေစုများ ထုတ်ပေးလျက်ရှိသည်။
• ချေးငွေ သက်တမ်း ၆ လမှ ၁၈ လ အထိ
• ချေးငွေ ပမာဏ လုပ်ငန်း အရွယ်အစားပေါ် မူတည်ပြီး အများဆုံး သိန်း (၃၀) ကျပ်

မွေးမြူရေးလုပ်ငန်းချေးငွေ
မွေးမြူရေးလုပ်ငန်းချေးငွေတွင် ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်စသည်များကို စိုက်ပျိုးရေးလုပ်ငန်းအတွက် သော်လည်းကောင်း စားသောက်ကုန်အတွက်သော်လည်းကောင်း မွေးမြူသည့် လုပ်ငန်းများပါဝင်ပါ သည်။ အဆိုပါတောင်သူများ၏ မွေးမြူရေးလုပ်ငန်းများအတွက်လိုအပ်သည့် ချေးငွေများအတွက် မွေးမြူရေးလုပ်ငန်းချေးငွေအမျိုးအစားကို မဟာမှ ချေးငွေများ ထုတ်ပေးလျက်ရှိပါသည်။
• ချေးငွေ သက်တမ်း ၆ လမှ ၁၂ လ အထိ
• လုပ်ငန်းပေါ်မူတည်၍ ချေးငွေကျပ် (၁)သန်းအထိ
စရံစုငွေ
အသေးစား ငွေးချေးလုပ်ငန်း ဥပဒေအရ၊ မဖြစ်မနေ ချေးငွေ၏ 5% ကို မဟာတွင် စရံစုငွေ အဖြစ် ပေးထားခဲ့ရမည် ဖြစ်သည်။ ချေးငွေ စုစုပေါင်းကို ပြန်ဆပ်သည့်အချိန်တွင် ထိုစရံငွေပမာဏကို နှစ်စဉ်တိုးနှုန်း ၁၄% ဖြင့် အတိုးနှင့် အရင်းပေါင်းပြီး ငွေးချေးသူမှ ပြန်လည်ရရှိမည် ဖြစ်သည်။
အသေးစား အာမခံ
အသက်အာမခံနှင့် အထွေထွေ ထိခိုက်ပျက်စီးမှု အာမခံ ဝန်ဆောင်မှုများကို Grand Guardian Insurance (GGI) နှင့် လက်တွဲ၍ မဟာမှလည်း အာမခံများ ထုတ်ပေးလျက်ရှိပါသည်။ အာမခံ သက်တမ်းမှာ တစ်နှစ်ဖြစ်ပြီး၊ အာမခံ ထားသည့် ငွေကြေး ပမာဏ၏ ၁% ကို အာမခံကြေးအဖြစ် ပေးရပါမည်။ အာမခံထားသူသည် လေ ျှာက်ထားသည့် အာမခံ ထားခြင်းနှင့် သက်ဆိုင်သည်များကို ချေးငွေ ထုတ်ပေးသည့် ကာလအတွင်း သိရှိနေမည် ဖြစ်ပါသည်။ ထိုလုပ်ထုံးလုပ်နည်းများကို ဗမာဘာသာစကားဖြင့် ထပ်မံ ဖြည့်စွက်ပေးမည် ဖြစ်သည်။ အာမခံလျော်ကြေးကို ထုတ်မည်ဆိုလ ျှင် မဟာ ရုံးခွဲများတွင် ထုတ်ယူနိုင်မှာ ဖြစ်ပြီး၊ အာမခံသူ ရရှိခံစားရမည့် ခံစားခွင့်များအားလုံး အပြည့်အဝရရှိစေရန် မဟာမှ ကိုယ်တိုင်ပါဝင်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။