ဖွဲ့စည်း အုပ်ချုပ်ပုံ
ပွင့်လင်းမြင်သာမှု၊ တန်းတူညီမျှမှုနှင့် ကိုယ်ကျင့်သိက္ခာရှိမှုတို့ကို လက်ကိုင်ထားလျက်ရှိသည်။
Advisory Board Charter တွင် ချမှတ်ထားသည့်အတိုင်း ရေရှည်အကျိုးကို မျှော်ကိုးကာ ကျွန်ုပ်တို့၏ အုပ်ချုပ်ပုံ နည်းစနစ်သည် လူထု၊ ငွေကြေးနှင့် ပတ်ဝန်းကျင်ကို အလေးထားမှုနှင့် ကြပ်မတ်ထားခြင်း ဖြစ်သည်။ သို့မှသာ ကျွန်ုပ်တို့၏ အစုရှယ်ယာဝင်များ/လုပ်ငန်း လက်တွဲဖော်များနှင့် ဝန်ထမ်းများအတွက် အကျိုးရှိမည် ဖြစ်သည်။ ဒါ့အပြင် ခိုင်မာသည် ကိုယ်ကျင့်သိက္ခာတရားကိုလည်း လက်ကိုင်ထားလျက် ရှိပါသည်။ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သက်ဆိုင်ရာ လူကြီးမင်းများ ပါဝင်ဖွဲ့စည်းထားသည့် ဘုတ်အဖွဲ့အရ ၂၀၁၇ ခုနှစ်မှ စတင်၍ ကျွန်ုပ်တို့ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုတို့အား လက်ကိုင်ထားပြီး ကျွန်ုပ်တို့နှင့် လက်တွဲ လုပ်ဆောင်နေသည့် အစုရှယ်ယာရှင်များ၊ လုပ်ငန်း လက်တွဲဖော်များ၊ စီးပွားဖက်များနှင့် ဝန်ထမ်းများကြား ဆက်ဆံရေး ပိုမို အားကောင်လာရန် ဆောင်ရွက်လျက်ရှိသည်။ လုပ်ငန်းလည်ပတ်မှုများ အားလုံးကိုလည်း နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ လည်ပတ်လျက်ရှိပြီး အချိန်နှင့်အမျှ ထုတ်ပြန်လျက် ရှိပါသည်။ ငွေထုတ်ချေးခြင်းနှင့် ပက်သက်ပြီး လုပ်ငန်း လက်တွဲဖော်များ ကျေနပ်မှု အပြည့်အဝ ရရှိစေရန်အတွက်လည်း ကျွန်ုပ်တို့သည် တာဝန်ယူမှု အပြည့်ဖြင့် လုပ်ငန်း အရည်အသွေးကို ထိန်းထားပါသည်။ Social Performance Task Force (SPTF) ၏ လူမှုရေး စွမ်းဆောင်ချက် စီမံခန့်ခွဲခြင်း ယန္တရားနှင့် SMART ၏ လုပ်ငန်း လက်တွဲဖော် ကာကွယ်ပေးရေး စည်းမျဉ်းစည်းကမ်းများအရ ကျွနု်ပ်တို့၏ အုပ်ချုပ်ရေး ပုံစံကို လုပ်ဆောင်ပါသည်။
အခြေခံအားဖြင့် Audit and Risk Committee ဥက္ကဌ အပါအဝင် တစ်လလျှင် တစ်ကြိမ် ဘုတ်အဖွဲ့ဝင်များ အားလုံး တွေ့ဆုံစည်းဝေးပြီး၊ ထိုတွေ့ဆုံမှုမှ တဆင့် အတွေးအမြင်များ ဖလှယ်ကြပြီး ရည်မှန်းချက်အတိုင်း လုပ်ငန်း တာဝန်များ ဖော်ဆောင်ကြပါသည်။ ထပ်မံပြီး၊ ဘုတ်အဖွဲ့ တာဝန်များ ပြည့်ဝစွာ လုပ်ကိုင်လည်ပတ်နိုင်ရန်အတွက် Remuneration and Nomination Committee ကိုလည်း တည်ထောင်ဖွဲ့စည်းခဲ့သည်။ ၎င်းသည် AlCO and Excom မှ ထပ်မံ ဖြည့်စွက်ချက်ဖြစ်ပြီး၊ ဘုတ်အဖွဲ့မှ လုပ်ငန်း အဖွဲ့အစည်း၏ လက္ခဏာသွင်ပြင်များကို နက်နက်နဲနဲနှင့် ထိထိမိမိ သုံးသပ်လေ့လာနိုင်ရန် အထောက်အကူပြုပါသည်။
လယ်ယာစိုက်ပျိုးကဏ္ဍကို ဦးဆောင်နေသူများ ပါဝင်သည့် မြန်မာ့သြဘာ၏ ဘုတ်အဖွဲ့အသည် ကျေးလက်ဒေသရှိ အသေးစား လုပ်ငန်းများနှင့် အရင်းအနှီးနည်းသည့် လယ်သမား၏ လိုအပ်ချက်များကို အကောင်းဆုံး နားလည်နိုင်သည့် အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများ ပိုင်ဆိုင်ထားပြီး ဖြစ်သည့်အတွက် ကျွန်ုပ်တို့ လုပ်ကိုင်လည်ပတ်နေသည့် ဈေးကွက် အခြေအနေများအား ကျွန်ုပ်တို့ကို နားလည်စေပါသည်။ ကျေးလက်ရှိ လယ်သမား အများစုသည် တရားဝင် ချေးငွေနှင့် ပက်သက်ပြီး အခွင့်အလမ်းများကို မသိရှိကြသေးသည့်အတွက်၊ Digitization နှင့် မြန်ဆန်သော ချေးငွေ စီမံခန့်ခွဲမှုများသည် ကျွန်ုပ်တို့ “မဟာ” တိုးတက်ပြန့်ပွားရန်အတွက် အဓိက သော့ချက်ပင် ဖြစ်ပါသည်။ ဤသော့ချက်အား လက်ကိုင်ထားခြင်းဖြင့် နောင် ၅ နှစ် အတွင်း ကျွန်ုပ်တို့သည် ကျေးလက်ဒေသများအတွက် အကြီးမားဆုံး ငွေချေး ဝန်ဆောင်မှု ဖြစ်လာရန် ရည်ရွယ်ထားပါသည်။
အုပ်ချုပ်ရေး ယန္တရား

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု



ကျန်းမာရေး၊ လုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင် လုပ်ထုံးလုပ်နည်း



နစ်နာကြေး ပေးအပ်ခြင်း
