လုပ်ငန်းခွင်
မဟာနဲ့ လက်တွဲပါ။
ဝန်ထမ်းဆိုတာထက် ပိုတယ်
မဟာတွင်၊ ဝန်ထမ်းများသည် ပိတ်မိနေသူများ မဟုတ်ကြပါ။ တစ်ဦးနှင့် တစ်ဦး ရင်းနှီးစွာ ဆက်ဆံပြောဆိုခြင်းခြင်း လွတ်လပ်ကြသူများ ဖြစ်ပါသည်။ မဟာသည် အသိဉာဏ် ကြွယ်ဝသူများ ဆုံစည်းကြသည့် နေရာဖြစ်သည့်အလျောက်၊ အသစ်များကို ဆာလောင်သူများအတွက်၊ သို့မဟုတ် မိတ်ဆွေသစ်ဖွဲ့ချင်သူများအတွက် အလွန်သင့်လျော်သော နေရာပင် ဖြစ်သည်။
တက်ကြွသူများ
ဝန်ထမ်းများသည် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် တိုးတက်ရန် တွန်းအားပေးနေသူများ ဖြစ်သည်။ အပြန်အလှန် အသိပညာ ဖလှယ်လျက်ရှိပြီး တစ်ဦးအပေါ် တစ်ဦး ယုံကြည်ကြသူများဖြစ်သလို သက်ဆိုင်ရာ အလိုက် ကျွမ်းကျင်သူများလည်း ဖြစ်သည်။ မဟာမှ ဝန်ထမ်းများ ထိုထက်မကသော ခြေလှမ်းများ လှမ်းနိုင်ရန်အတွက် ကူညီပေးလျက်ရှိပါသည်။
လက်တွေ့လေ့လာသူများ
သီအိုရီနှင့် လက်တွေ့သည် ပကတိ ထပ်တူမကျနိုင်ကြောင်း သိပြီး ဖြစ်သည်။ မဟာရှိ ဝန်ထမ်းများအားလုံးသည် တကယ့် အလုပ်ခွင်ထဲတွင် ကွင်းဆင်းရပြီး တန်ဖိုးထားရသော လုပ်ငန်းလက်တွဲဖော်များနှင့် ပြောဆိုဆက်ဆံရပါသည်။ ထိုအခွင့်အရေးကို အသုံးချပြီး၊ တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံများကို ပိုင်ဆိုင်ရမှာ ဖြစ်ပြီး စိတ်ဓာတ်ခွန်အား တိုးပွားစေမှာ အသေအချာပင် ဖြစ်သည်။
ကူညီဖေးမသူများ
မဟာတွင် တာဝန်ထမ်းဆောင်ရခြင်းသည် ပျော်ရွှင်စရာ ဖြစ်ပြီး အဓိပါယ် တစ်စုံတစ်ရာ ရှိပါသည်။ မိမိကိုယ်တိုင်၏ လုပ်ကိုင်နိုင်စွမ်းကို လေ့ကျင့်ရာ နေရာဖြစ်သလို မဟာ၏ လက်တွဲဖော်များကို ကူညီနိုင်မည့် နေရာလည်း ဖြစ်ပါသည်။ မဟာတွင် ဝန်ထမ်းတိုင်းသည် အခရာပင် ဖြစ်သည်၊ ဝန်ထမ်း တစ်ဦးချင်းစီ၏ ဆုံးဖြတ်ပါဝင်မှုသည် ကျေးလက်ရှိ လုပ်ငန်းလက်တွဲဖော်များ၏ ဘဝနေထိုင်မှု ပိုမိုကောင်းမွန်လာစေဖို့ အတွက်သာ ဖြစ်သည်။
စံနှုန်းများ
ကျွန်ုပ်တို့ကိုယ်ကို ထားရှိသော စံနှုန်းငါးခု။
ဂုဏ်သိက္ခာ
လုပ်ငန်းလက်တွဲသူတိုင်း၏ လိုအပ်ချက်၊ အကြုံပြုချက်၊ လမ်းညွန်ချက်များကို အခြေခံပြီး ပွင့်လင်းမြင်သာစွာနှင့် ရှေ့ဆက်လျက်ရှိသည်။
ဆန်းသစ်တီထွင်ခြင်း
အသစ်သစ်သော စီးပွားရေး အမြင်များဖြင့် လုပ်ငန်းကို လည်ပတ်စေသည်။
ရင်းမြစ် စုံလင်ခြင်း
ရှုထောင့်ပေါင်းစုံမှ ထွက်ပေါ်လာသော မတူညီသည့် အတွေးအမြင်များနှင့် အလားအလာရှိသော အိုင်ဒီယာများကို နားလည်လက်ခံ ကြိုဆိုလျက်ရှိသည်။
အရည်အသွေးပြည့်ဝမှု
အကောင်းမွန်ဆုံး အရည်အသွေး ပြည့်မှီအောင် ဆောင်ရွက်နိုင်ခြင်းနှင့် ရှယ်ယာဝင်များဆီသို့ အကောင်းမွန်ဆုံးသော ရလဒ်များ ပေးအပ်လျက်ရှိသည်။
သွက်လက်မြန်ဆန်မှု
နေ့သစ်တိုင်း၏ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်လျက်ရှိသည်။
ကျေးလက်အဓိက
မဟာသည် တောင်သူကြီးများကြောင့် လည်ပတ်လျက်ရှိခြင်း ဖြစ်ပြီး၊ တောင်သူဦးကြီးများ နေထိုင်သည့် ကျေးလက်ဒေသများသည် ကူညီမှုများ လိုအပ်လျက် ရှိပါသည်။ ထို့ကြောင့်၊ နိုင်ငံအတွက် ပေးဆပ်နေသော တောင်သူဦးကြီးများ လိုအပ်သည့် ငွေကြေးဆိုင်ရာ အကူအညီများကို ထုတ်ပေးခြင်းသည် မဟာ၏ တာဝန်၊ မဟာ၏ ဝတ္ထရားဟု ယုံကြည်ပါသည်။ ကျေးလက်ဒေသကို ကူညီလိုသည့် ဆန္ဒရှိသူတိုင်း၊ ကျေးလက်ဒေသ တိုးတက်ရန် အသိပညာရှိသူ၊ ကျွမ်းကျင်သူတိုင်းကို မဟာမှ ကြိုဆိုလျက် ရှိပါသည်။ မဟာမှ အသင့်စောင့်ကြိုလျက်ရှိပါသည်။
လေ့လာသင်ယူမှု
အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းတိုင်း စွမ်းဆောင်ရည် မြင့်မားလာစေရန်အတွက် ကျွနု်ပ်တို့တွင် အရည်အချင်း ဖွံ့ဖြိုးရေးသင်တန်းများ စီစဉ်ပေးလျက် ရှိပါသည်။
အားသစ်လောင်းခြင်း
ဝန်ထမ်းများ အားလုံး စိတ်ရော၊ လူရော ပျော်ရွှင်ကျန်းမာနေစေရန် မဟာမှ ရှေးရှုပါသည်။ ယောဂ ကစားခြင်းအားဖြင့် သွေးလည်ပတ်မှု အားကောင်းစေပြီး ဖိအားများ လျော့ကျစေသည့်အတွက် ရက်သတ္တပတ်၏ နောက်ဆုံးနေ့ရက်တိုင်းတွင် လေ့ကျင့်စေလျက် ရှိပါသည်။ ထို့ကြောင့်၊ အလုပ် မတွင်သည့် အလုပ်ခွင် အလိုမရှိ ဆိုသည့်ရည်ရွယ်ချက်ခြင်း အပတ်စဉ် သောကြာနေ့ ညနေ (၅) နာရီတွင် ယောဂ ကစားကြပါသည်။
အလုပ်အကိုင် အခွင့်အလမ်း
အရည်အချင်း ရှိသူများကို ကျွန်ုပ်တို့မှ အမြဲတစေ ရှာဖွေလျက်ရှိသည့်အတွက်၊ recruitment@mahaawba.com (သို့မဟုတ်) ဤနေရာမှ တဆင့် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။
Risk and Finance Intern
Department: Risk/Finance Education Level: Bachelor/ Master Degree Location: Yangon, Myanmar Time frame: Three to six months
Fintech/Digital Transformation Intern
Department: Fintech/Digital Transformation Education Level: Bachelor/ Master Degree Location: Yangon, Myanmar Time frame: Three to six months
Environmental, Social and Governance (ESG) Intern
Department: Environmental Social Governance (ESG), Social Performance, Impact Assessment Education Level: Bachelor/ Master Degree Location: Yangon, Myanmar Time frame: three to six months
သတင်းစကား ထားခဲ့နိုင်ပါသည်။
သင်တို့၏ ထင်မြင်ချက်များကို အစဉ်တစိုက် ကြိုဆိုလျက်ရှိပါသည်။ ကျွန်ုပ်တို့မှလည်း ပြန်လည် ဖြေကြားပေးပါမည်။