ကွင်းဆင်းလေ့လာမှု - လမ်းသစ်ကို လျှောက်လှမ်းခြင်း

ပင်တောင်းရွာသည် နေပြည်တော်နှင့် ကီလိုမီတာ (၆၀) ခန့်ဝေးသော တပ်ကုန်းမြို့နယ်တွင်တညိရှိသည်။ အိမ်ခြေ (၉၀)  ခန့် ရှိပြီး စပါးနှင့် ကြက်သွန်နီစိုက်ပျိုးသော တောင်သူအိမ်ခြေ (၅၀) ကျော်ရှိသည်။ မဟာအနေဖြင့် ရွာ၏တစ်ခုတည်းသော အသေးစား ငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းအဖြစ် ရပ်တည်ဆောင်ရွက်ခဲ့သည်မှာ (၂) နှစ်ရှိခဲ့ပြီဖြစ်သည်။ မဟာ၏ ရပ်တည်ဆောင်ရွက်ချက် များသည် တောင်သူများ၏ နေထိုင်မှုဘဝများကို မည်သို့ပြောင်းလဲစေသည်ကို သိရှိစေရန် လေ့လာရေးအဖွဲ့များ စေလွှတ်ခဲ့ပါသည်။ ထိုသို့လေ့လာရာမှ မဟာ၏ ဝန်ဆောင်မှုများ မရောက်ခင် အချိန်က လျှပ်စစ်မီး မရရှိခဲ့ကြကြောင်းသိရှိခဲ့ပါသည်။ ကျေးလက်ဒေသများတွင် ထို လျှပ်စစ်မီး မရရှိမှု ပြဿနာကို ယနေ့တိုင် ကြုံတွေ့နေရဆဲလည်းဖြစ်ပါသည်။ သို့သော် တစ်အိမ်ထောင်ကို ငွေကျပ် (၅၀၀၀၀) ထည့်ဝင်ရုံဖြင့် ရွာအတွက် ထရန်ဖော်မာ အကြီးစားတစ်ခု တည်ဆောက်နိုင်ပြီး လျှပ်စစ်မီးရရှိနိုင်ကြောင်းကိုလည်း တွေ့ရှိခဲ့ရပါသည်။ ထို့အပြင် အိမ်ခြေတိုင်းတွင် မီတာတပ်ဆင်နိုင်ပြီး လျှပ်စစ်သုံးစွဲမှုကိုပါ စနစ်တကျ တိုင်းတာနိုင်သည်ကိုတွေ့ရှိရသည်။

မဟာ၏ ကူညီမှုများကြောင့် လူနေမှုဘဝများ မည်သို့ တိုးတက်ပြောင်းလဲလာသည်ကို သိရှိစေရန် ချေးငွေ (၄) ကြိမ် ရယူထားသည့် တောင်သူ ဦးမျိုးသွင်မောင်နှင့် တောင်သူ ဦးကျော်ဇင်ထွန်းတို့အား သွားရောက် မေးမြန်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ဦးမျိုးသွင်မောင်တွင် သူ၏ ကလေးများနှင့် ဆွေမျိုးသားချင်းများ အပါအဝင် မိသားစုဝင် စုစုပေါင်း (၈) ဖြင့် နေထိုင်လျက်ရှိပြီး ဦးကျော်ဇင်ထွန်းမှာ သူ၏ ညီနှင့် မိဘနှစ်ပါး အပါအဝင် မိသားစုဝင် (၄) ဦးဖြင့် နေထိုင်လျက်ရှိပါသည်။

ယခင်က၊ တောင်သူများ အနေဖြင့် စုဆောင်းထားသော ရွှေထည်ပစ္စည်းများကို အပေါင်ဆိုင်တွင် ပေါင်နှံ၍ လယ်ယာလုပ်ငန်းအတွက် ငွေချေးခဲ့ကြရသည်။ ယခုအခါတွင်၊ အသေးစား ငွေးကြေဝန်ဆောင်မှုကြောင့် အရည်အသွေးမြင့် လယ်ယာလုပ်ငန်းသုံးပစ္စည်းများကို ဝယ်ယူနိုင်ပြီး ရာသီအလိုက် သီးနှံများ စိုက်ပျိုးခွင့် ရရှိကြသလို မှန်ကန်သော ဈေးနှုန်းဖြင့်လည်း ရောင်းချခွင့် ရရှိနေပြီ ဖြစ်ပါသည်။ သူတို့၏ လယ်ယာစီးပွားရေးလည်း တိုးတက်လာသည်နှင့်အမ ျှ ဝင်ငွေလည်း တိုးတက်လာခဲ့ပါသည်။

ဦးကျော်ဇင်ထွန်းသည် သူ၏ လယ်ယာစီးပွား တိုးပွားလာသည့်အတွက် ယခင် ဝါးအိမ်မှ တိုက်ခံအိမ်အဖြစ် အဆင့်မြှင့် ဆောက်လုပ်နိုင်ခဲ့သည့်အပြင်၊ မော်တော်ဆိုင်ကယ် အသစ်တစ်စီးပါ သူ ဝယ်ယူနိုင်ခဲ့ပါသည်။ ထို့သို့ တိုးတက်ပြောင်းလဲမှုများကြောင့် သူ၏ မိသားစုဘဝသည်လည်း ပိုမိုပြေလည် လာခဲ့ပါသည်။

ချေးငွေ ပြန်ချေသည့် စနစ်သည်လည်း ရွာရှိ တောင်သူလယ်သမားများအားလုံးနှင့် အဆင်ပြေ သင့်တော်သည်ကို တွေ့ရပါသည်။ မဟာနှင့် လက်တွဲလုပ်ကိုင်ရသည်ကိုလည်း ကျေနပ်နှစ်သက်သလို၊ ရှေ့လေ ျှာက် လက်တွဲ ဆောင်ရွက်လိုသည်ကိုလည်း တွေ့ရှိရပါသည်။